သတင်းများ

ငပုတောမြို့နယ် အခွန်လွတ်ဈေးအတွင်း အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး
Jun 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပြည်သူများ အ‌ခြေခံစားသောက်ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေး ဆန်၊ဆီ၊ ကြက်ဥ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် အခြားအ‌ခြေခံစားသောက်ကုန်များကို အခွန်လွတ်ဈေးအတွင်း ယနေ့ နံနက်ပိုင်းက  သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ဆူးဖြူကွက်ကျေးရွာ၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 30,2024
မန္တလေးတိုင်းဒေသကြီး၊ ဆူးဖြူကွက်ကျေးရွာ၌ ၂ဝ၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို အဆိုပါကျေးရွာအများပြည်သူသုံး ရေကန်အနီးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှမြို့တွင်း၌ ရေစီးရေလာကောင်းမွန်ရေး အုတ်ရေမြောင်းများဆောင်ရွက်
Jun 30,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နတ်မောက်-ပျော်ဘွယ်ကားလမ်းဘေးတွင် ယမန်နေ့က မြို့တွင်း ရေစီးရေလာကောင်းမွန်လာစေရန်အုတ်ရေမြောင်းများ ဆောင်ရွက်လျက်ရှိသည်။
မိုင်းယောင်းမြို့နယ်၌ ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jun 30,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု၊ ဟောင်ကြန့်ကျေးရွာရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး၌ ယမန်နေ့က ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်၌ မဲဇလီရေလွှဲဆည်မှ ဆည်ရေဖြင့် မိုးစပါးစိုက်ပျိုးရန် ဧကပေါင်း ၈၀၀၀၀ ကျော်အား ပျိုးထောင်ရေများ စတင်ပေးဝေ
Jun 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်အောက်ရှိ မဲဇလီရေလွှဲဆည်မှ ဆည်ရေဖြင့် မိုးစပါးစိုက်ပျိုးရန် ဧကပေါင်း ၈၀၀၀၀ ကျော်အား စိုက်ပျိုးရေများ ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး ယခုအခါ ပျိုးထောင်ရေများ စတင်ပေးဝေလျက်ရှိကြောင်း မင်းဘူးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်းတို့၏ လေ့ကျင့်ရေးခြေစမ်းပွဲအား ကြည့်ရှုအားပေး
Jun 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီလမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား (ဒုတိယအကြိမ်) ကျင်းပ
Jun 30,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်၊ ထီလုံ-နဘူးမော်တော်ကားလမ်း ၊  လမ်းဘေးဝဲယာ (၆ ဒဿမ ၅) ကီလိူမီတာ မှ (၇ ဒဿမ ၅) ကီလိုမီတာ၌  ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်)အဖြင့် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးအဖွဲ့ အမှတ်(၂)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးစောကြာအင်း၊  အမှတ်(၁၀၁၅) နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး  ဗိုလ်မှူးဝင်းနိုင်စိန်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံနှင့် ဝန်ထမ်းများ၊  ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။
သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပျက်စီးခဲ့ရသည့် မိသားစုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်
Jun 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ အချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး အမိုးလန် ပျက်စီးခဲ့ရသည့် မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဇွန်လ ၂၈ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။