ဘားအံမြို့၌ မြန်မာအမျိုသမီးများနေ့အထိမ်းအမှတ် ကာယကြံ့ခိုင်မှု မောင်၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကျင်းပ
Jun 30,2024
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့်အမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးကိုကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ကာယကြံ့ခိုင်မှုမောင်၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကို ဘားအံမြို့ဇွဲကပင်ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။