သတင်းများ

ကမာရွတ်မြို့နယ်၌ ​ရှေးဦးပြုစုခြင်းအ​ခြေခံသင်တန်း အမှတ်စဥ်(၁/၂၀၂၄)ဖွင့်လှစ်
Jun 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကမာရွတ်မြို့နယ်ကြက်​ခြေနီအသင်းခွဲ/တပ်ဖွဲ့မှ ကြီးမှုးဖွင့်လှစ်သည့် ​ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဥ်(၁/၂၀၂၄)ကို ဇွန်လ၂၇ရက်နေ့နံနက်(၀၉း၀၀)နာရီအချိန်က အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ သ​ပြေခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်
Jun 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ အမှတ် - ၂ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဝင် နေပြည်တော်အဆင့်ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
သရက်မြို့၌ ကိုယ်လုံပညာသင်တန်းဆင်းပွဲကျင်းပ
Jun 29,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကိုယ်လုံပညာသင်တန်းဆင်းပွဲကျင်းပခြင်းကို ယမန်နေ့နေ့လည် (၂)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။
ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဒေသခံတိုင်းရင်းသားများအတွက် ရပ်/ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲနှင့် ပန်းအလှပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Jun 29,2024
ကချင်ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် သက်မွေးပညာများတတ်မြှောက်၍ မိသားစုဝင်ငွေတိုးပွားရေး၊ အသေးစားလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဖွင့်လှစ်ပေးခဲ့သော ရပ်ရွာအခြေပြုအခြေခံစက်ချုပ်သင်တန်းဆင်းပွဲနှင့် ပန်းအလှပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် သက်သာသောနှုန်းထားဖြင့် ဆန်များကိုစားသုံးသူပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ
Jun 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံစားသုံးသူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူရရှိစေရေးအတွက် နေပြည်တော်ကောင်စီ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များပူးပေါင်း၍ ဇွန် ၂၄ ရက်နေ့မှ ၂၇ အထိ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် အထိုင် ပုံမှန်ဆန်အရောင်းဆိုင်များနှင့် Mobile ဈေးကားများဖြင့် ရပ်ကွက်/ ကျေးရွာများတွင် လှည့်လည်၍ဆန်များကို သက်သာသောဈေးနှုန်းဖြင့် အလှည့်ကျရောင်းချပေးလျက် ရှိသည်။
မှော်ဘီမြို့နယ်၌ ဝါးလက်မှုပစ္စည်းထုတ်လုပ်မှု အသက်မွေးဝမ်းကြောင်းသင်တန်းဆင်းပွဲကျင်းပ
Jun 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ မူဝါဒလမ်းညွှန်ချက်အရ သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံကြိမ်ဝါးလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဝါးလက်မှုပစ္စည်းထုတ်လုပ်မှု အသက်မွေးဝမ်းကျောင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ၃နာရီက မှော်ဘီမြို့နယ် RETC သင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များရွေးချယ်ခြင်းပြုလုပ်
Jun 29,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းလုပ်ငန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ယသိရသည်။
ဗဟန်းမြို့နယ်တွင် အားကစားနှင့်လူငယ်​ရေးရာ အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ
Jun 29,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊‌ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ဓမ္မစေတီလမ်း၊ အမှတ် (၁) အ​ခြေခံပညာအထက်တန်းကျောင်း၊ မိုးဦးပန်းခန်းမ၌ ယ​မန်နေ့ နေ့လယ် (၂) နာရီအချိန်က အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။