သတင်းများ

ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး
Jul 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ၊ ကလေးသူငယ်များအား Mobile Libraryစနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် အခမဲ့ကွင်းဆင်းငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်က အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးမှု အခြေအနေအား တာဝန်ရှိသူများက လိုက်လံနှိုးဆော်
Jul 09,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၁၀ နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၁၀ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၁၀ စင်တီမီတာသာလိုတော့ကြောင်း ညောင်ဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများထံက သိရသည်။
တောင်တွင်းကြီးမြို့နယ်၌ ဆီထွက်သီးနှံအထူးဇုံရှိ မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်း
Jul 09,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံအထူးဇုန်အဖြစ် ကျေးရွာအုပ်စု (၇၃) အုပ်စုရှိရာ လယ်ယာမြေများတွင် မေလဆန်းက မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့သည့် မိုးနှမ်းသီးသန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ပြင်းထန်ဝမ်းပျက် ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက မရမ်းကုန်းမြို့နယ်အတွင်းရှိဈေးများ၊ အ‌ခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးများတွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းနှင့် စီမံကိန်းရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP)သင်တန်းဖွင့်လှစ်
Jul 09,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၄)ရွာရှိ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းနှင့် စီမံကိန်းရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်မြို့နယ်တွင် (၆၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲကျင်းပပြုလုပ်ရာ ရှင်သာမဏေ(၅၀၂)ပါးဝင်ရောက်ဖြေဆို
Jul 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဖောင်ရွာရပ်၊ နေလသုခဓမ္မာရုံ (ဗြဟ္မဝိဟာရ) လေးထပ်ဆောင်ခန်းမတွင် ယနေ့မွန်းတည့်(၁၂)နာရီက  ကျောင်းထိုင်ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၆၇)ကြိမ်မြောက်  မြို့နယ်လုံးဆိုင်ရာဝိနည်းစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂၆)ကျောင်းမှ ရှင်သာမဏေ(၅၀၂)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ စျေးများများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်
Jul 09,2024
ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အ‌ခြေခံပညာကျောင်းများ၊ မြို့နယ်အတွင်းရှိဈေးများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။