ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး

ကျိုင်းလပ် ဇူလိုင် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများ၊ ကလေးသူငယ်များအား Mobile Libraryစနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် အခမဲ့ကွင်းဆင်းငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်က အခြေခံပညာကျောင်းများသို့  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း (၆၀)အုပ်ကို ယူဆောင်၍ အခြေခံပညာကျောင်းများသို့ စာဖတ်ပရိတ်သတ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံမှ ယခင်ငှားရမ်းထားသော စာအုပ်၊ စာစောင်များအပ်နှံမှုကို ပြန်လည်လက်ခံခြင်း၊ စာအုပ်စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသးည်။

အဆိုပါ ဦးစီးဌာနအနေဖြင့်လည်း နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် စာအုပ်၊ စာပေများလေ့လာဖတ်ရှု့ခွင့်ရရှိကြပြီး ယခင်ငှားရမ်းထားသော စာအုပ်များကိုလည်း တစ်ပတ်ပြည့်ပါက ပြန်လည်အပ်နှံနိုင်ရေးနှင့် စာအုပ်အသစ်များထပ်မံငှားရမ်းနိုင်ရေးအတွက် အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)