သတင်းများ

ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်အဆင့်ဌာနဆိုင်ရာ(၅၄)ဌာနနှင့် အဆင့်မြင့်တက္ကသိုလ်(၄)ခုမှ ဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး
Jul 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ခရိုင်ဆင့်ဌာနဆိုင်ရာ(၅၄)ဌာနနှင့် အဆင့်မြင့်တက္ကသိုလ်(၄)ခုမှ ဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေးခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာ‌စောင်များငှားရမ်းပေးခြင်း ဆောင်ရွက်
Jul 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ဖြူးမြို့နယ်၊ ဇေယျဝတီအထက်တန်းကျောင်းများတွင် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြော၊ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်
Jul 09,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား ငယ်စဉ်ကစ၍စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ရရှိစေရေးတို့အတွက်ရည်ရွယ်၍ ယမန်နေ့၊ နံနက်(၉)နာရီအချိန်က ဇေယျဝတီမြို့ရှိ အ.ထ.က(၁)နှင့် အ.ထ.က(၂)ရှိ ကျောင်းသား/ကျောင်းသူများအား အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 09,2024
ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းတွင် ကွင်းဆင်းဆောင်ရွင်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၊ လက်ပန်ကျေးရွာတွင် မိုးစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက (ဆင်းသုခ) မိုးစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကျင်းပခြင်းကို လက်ပန်ကျေးရွာ ကွင်းအမှတ် (၁၀၅၂-B)၊ ဦးပိုင်အမှတ် (၉၄/က) တောင်သူဦးလှငွေ၏ လယ်မြေ (၅.၉၂) ဧကပေါ်တွင် ကျင်းပပြုလုပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၂၄) အစည်းအဝေးတက်ရောက်
Jul 09,2024
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၆/၂၀၂၄)အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင် များ တက်ရောက်ကြသည်။
လှိုင်မြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာမူလတန်းကျောင်း (မဲဇလီ) ကျောင်းသို့ ကွင်းဆင်းဟောပြော
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း (မဲဇလီ) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဟောပြောခဲ့သည်။