သတင်းများ

ကြံခင်းမြို့နယ် အလက(သစ်ဆိမ့်ကိုင်း)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အလက (သစ်ဆိမ့်ကိုင်း) ကျောင်း၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း စုဝေးခန်းမတွင်ပြုလပ်သည်။
ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်
Jul 09,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြစ်ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်မှ နေအိမ်အချို့အား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေးဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထား ရှိပေးထားခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအား ယနေ့နံနက်  ၈ နာရီအချိန်က ရေဘေးရှောင်စခန်းများတွင် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
မက်မန်းမြို့နယ်တွင် မိရိုးဖလာကြက်မွေးမြူရာ၌ ခြံစနစ်ဖြင့်မွေးမြူထားရှိမှုအား ပညာပေးကွင်းဆင်းကြည့်ရှုခြင်းများ ဆောင်ရွက်
Jul 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာတွင် ဒေသခံကြက်မွေးမြူရေးလုပ်ကိုင်နေကြသူများအနေဖြင့် မိရိုးဖလာကြက်မွေးမြူရာ၌ ခြံစနစ်ဖြင့်မွေးမြူနိုင်ရေး ပညာပေးကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
နမ့်စန်တွင် ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Jul 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီက မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့်ပညရေးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်အသစ် ဆောက်လုပ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Jul 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာနေပြည်သူများအား နိုင်ငံတော်အစိုးရက စာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမှီးစွာ ထားရှိပေးနိုင်ရန်အတွက်  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မက်မန်းမြို့နယ်၊ အောင်သံလွင်ကျေးရွာတွင် စာကြည့်တိုက်အသစ်ဆောက်လုပ်နိုင်ရေးအတွက် မြေနေရာကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က သွားရောက်ဆောင်ရွက်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Jul 09,2024
တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျိုင်းတောင်းမြို့၌ မိုးနှမ်းခေါ် နှမ်းလျှင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jul 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ယခုအခါ မိုးနှမ်း(ခေါ် )နှမ်းလျှင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကျိုင်းတောင်းမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။
စိုက်ပျိုးရေးကဏ္ဍတိုးတက်အောင်မြင်ရန် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်အောင် ကြိုးပမ်း
Jul 09,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။