သတင်းများ

ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ စိမ်းလန်းသောပတ်ဝန်းကျင်ရရှိအောင် သစ်ပင်စိုက်ပျိုးကြစို့ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 09,2024
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိမ်းလန်းသောပတ်ဝန်း ကျင်ရရှိအောင် သစ်ပင်စိုက်ပျိုးကြစို့ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
လဲချားမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Jul 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် အားကစားကွင်းတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရှာဖွေရေး၊ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ ပုံမှန်ငှားရမ်းပေး
Jul 09,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် (၉) နာရီမှ ညနေ (၄:၃၀) နာရီထိ စာအုပ်စာစောင်၊ ရသ၊ ဗဟုသုတ ရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် (၁၂) နာရီ ကျောင်းဆင်းချိန်နှင့် ညနေ(၃:၃၀)နာရီ ကျောင်းဆင်းချိန်များတွင် ကျောင်းသား /ကျောင်းသူများက စာကြည့်တိုက်တွင်းသို့ စာအုပ်/စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။
တွံ​တေးမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနနှင့် ပူးပေါင်းအဖွဲ့များက ယမန်နေ့နံနက် ၈ နာရီအချိန်က တွံတေးမြို့ စည်ပင်သာယာစျေးနှင့် လမ်းဘေးဈေးဆိုင်များတွင် ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်နှင့် စစ်ဆေးအကဲဖြတ်ခြင်းသင်တန်းဆင်းပွဲကျင်းပ
Jul 09,2024
စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁)နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ်(၁၃)သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ) စိုက်ပျိုးရေးအသက်မွေးမှု သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲပြုလုပ်
Jul 09,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း ကာလတိုအခမဲ့သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 09,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဒေသအတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ အသက်မွေးဝမ်းကြောင်းပညာတတ်မြောက်ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေ မြင့်မားလာစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပူးပေါင်းကူညီမှုဖြင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း ကာလတိုအခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ (၁၀၂)နှစ်ပြည့် အထိမ်းအမှတ် စာနယ်ဇင်းအရောင်းဆိုင်ဖွင့်ပွဲ ကျင်းပ
Jul 09,2024
မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် ဓမ္မသံတော်ဆင့်စာပေဖြန့်ချီရေးတို့ ပူးပေါင်းဖွင့်လှစ်သည့် စာနယ်ဇင်းအရောင်းဆိုင်ဖွင့်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီတွင် ရတနာပူရ မြန်မာ့လက်မှုနှင့်အနုပညာဗိမာန်ခန်းမတွင် ကျင်းပသည်။