နတ်မောက်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းနှင့် စီမံကိန်းရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP)သင်တန်းဖွင့်လှစ်

နတ်မောက် ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၄)ရွာရှိ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းနှင့် စီမံကိန်းရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နတ်မောက်မြိုန့ယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသများဖွံ့ဖြိုးရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများ တိုးမြှင့်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာလည်း ပြည်သူလူထုကိုယ်တိုင်ကျေးရွာများ၏ ပကိလိုအပ်ချက်များဖော်ထုတ်ပြီးကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ်ဖြစ်ပေါ်လာစေရန်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော်ရေးရန်ပုံငွေအဆိုပြုလွှာ ပြင်ဆင်ခြင်းလုပ်ငန်းစဉ်နှင့်နည်းစနစ်များကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီများ အကျွမ်းတဝင်ရှိစေရန် ပို့ချရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဦးစီးအရာရှိဒေါ်အေးမြသန္တာမှ သင်တန်းသားများအနေဖြင့်လည်း သင်ခန်းစာများအား စာတွေ့လက်တွေ့ဖြင့် စိတ်ပါဝင်စားစွာ သင်ယူလေ့လာ၍ စနစ်တကျဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများမှ သင်ခန်းစာများပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ကော်မတီဝင်များ စုစုပေါင်း(၁၅)ဦးခန့်တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၅)ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

မူမူစန်း