မရမ်းကုန်းမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်

မရမ်းကုန်း ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ပြင်းထန်ဝမ်းပျက် ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက မရမ်းကုန်းမြို့နယ်အတွင်းရှိဈေးများ၊ အ‌ခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးများတွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း‌ဆောင်ရွက်ရာတွင် မရမ်းကုန်းမြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့များသည် မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဆိုက်ကားဂိတ်များ၊ လူစည်ကားရာနေရာများတွင် ဈေးသည်များရောင်းချနေသော အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိအောင် ရောင်းချရန်နှင့် ခြင်၊ ယင်များမနားစေရန်၊ လက်ဆတ်သော အစားအသောက်များသာရောင်းချရန်၊ သန့်ရှင်းသောရေကိုသောက်သုံးရန်၊ လက်၊ အိမ်သာသန့်ရှင်းစွာထားရှိရန် မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှော‌ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဆောင်ရန်၊ရှောင်ရန်များ အချက်များကို သိရှိလိုက်နာစေရန်အတွက် လက်ကိုင် hand စပီကာများဖြင့် အသိ‌ပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)