မြောက်ဥက္ကလာပမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

မြောက်ဥက္ကလာပ ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ စျေးများများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာ ဦးဆောင်သည့် မြို့နယ်ကျန်းမာရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လှော်(န်)ကိပ်ဆုန် ဦးဆောင်သည့် မြို့နယ်အလုပ်အမှုဆောင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့အလုပ်အမှုဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သည့်ပူးပေါင်းအဖွဲ့မှ သက်ဆိုင်ရာစျေးတာဝန်ရှိ ပုဂ္ဂိုလ်များ၊ စျေးသူစျေးသားများနှင့် တွေ့ဆုံ၍ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သတ်၍ အသိပညာပေးပြောကြားခြင်း၊ ဈေးအတွင်း Hand Speaker ဖြင့် အသိပညာပေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ရေစည်ရေအိုးများအတွင်း ကလိုရင်းဆေးခတ်ခြင်း၊ ထုံးမှုန့်ဖြူးခြင်းများ ​ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြမြဝင်း (ပြန်/ဆက်)