ကျောက်တံတား ဇူလိုင် ၉
ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၊ မြို့နယ်အတွင်းရှိဈေးများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ မြို့နယ်စည်ပင်ကျန်းမာရေးအဖွဲ့နှင့် မြို့နယ်ပညာရေးမှူးရုံးတာ၀န်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများ၊ (၃၈)လမ်းစျေး၊ လမ်းဘေးစျေးသည်များ၊ စတိုးဆိုင်များနှင့် အများပြည်သူနှင့်သက်ဆိုင်သော နေရာများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးဗီနိုင်းပိုစတာများ ချိတ်ဆွဲခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ထို့ပြင်မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များ အချက်များကို သိရှိလိုက်နာနိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လက်ကိုင် hand စပီကာများဖြင့် အသိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)