သတင်းများ

မိုင်းကိုင်မြို့နယ်၌ အ‌ခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကျင်းပ
Jul 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကို ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာတွင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
Jul 09,2024
မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေကျပ်သိန်း(၁၅၀)ဖြင့် ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာ၌ စာကြည့်တိုက်အဆောက်အဦးအသစ်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၈)နာရီက စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပပြုလုပ်သည်။
တောင်တွင်းကြီးမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ အထူးဇုန် မိုးမြေပဲဧက (၄၇၉၁) ဧက စိုက်ပျိုးပြီးစီး
Jul 09,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံရန်၊ ပြည်ပစားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲစိုက်ပျိုးရန် အထူးဇုန် (၁၁၉၁၀)ဧက လျာထားပြီး လက်ရှိအချိန်ထိ (၄၇၉၁) ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာရေးနှင့် စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေးလုပ်ငန်းများ ​ဆောင်ရွက်
Jul 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ​ပေးလုပ်ငန်းများ​ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ​ဆိုင်း​လေ​ကျေးရွာရှိ စာပန်း​ဝေ​ဝေစာကြည့်တိုက်၌ ကွင်းဆင်း​ဆောင်ရွက်ခဲ့သည်။
စလင်းမြို့နယ်၌ အခြေခံစားသောက်ကုန်ဆန်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Jul 09,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ အခြေခံစားသောက်ကုန်ဖြစ်သည့် ဧရာပဒေသာဆန်များအား ကာလပေါက်စျေးထက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ရေး အိမ်ထောင်စုတိုင်းအတွက် စားနပ်ရိက္ခာဆန်များ ရောင်းချပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က ကျောင်းကြားရပ်ကွက်နှင့် ကျွန်းတော်ဦးလမ်းဆုံ ဋ္ဌေးရတနာဆန်စက်အနီးတွင် ဆန်စက်လုပ်ငန်းရှင်များမှ ရောင်းချပေးခဲ့သည်။
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် စိတ်အပန်းဖြေစေရန်အတွက် ကိုယ်ကာယကြံ့ခိုင်မှု အကပြိုင်ပွဲကျင်းပ
Jul 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကိုယ်ကာယ ကြံ့ခိုင်မှု အကပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းရှိ အလေးပြုကွင်း မြက်ခင်းပြင်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မရမ်းကုန်းမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပက်သက်၍ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် အစည်းအဝေးကျင်းပ
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပက်သက်၍ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် အစည်းအဝေး‌ကျင်းပခဲ့ကြောင်း သိရသည်။
သန်လျင်ခရိုင်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းဆွေးနွေး
Jul 09,2024
သန်လျင်ခရိုင်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။