ဖျာပုံမြို့နယ်တွင် ကျေးလက်နေ အမျိုးသမီးများဘဝ ဝင်ငွေတိုးတက်စေရေး၊ အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
Jul 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေ အမျိုးသမီးများဘဝ ဝင်ငွေတိုးတက်စေရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး မိသားစုဝင်ငွေ တိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝဖွံ့ ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို ဇူလိုင်လ (၂၃) ရက်နေ့ နံနက် (၉) နာရီ ခွဲအချိန်က ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေး ပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။