ဖျာပုံ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေ အမျိုးသမီးများဘဝ ဝင်ငွေတိုးတက်စေရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး မိသားစုဝင်ငွေတိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝဖွံ့ ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို ဇူလိုင်လ (၂၃) ရက်နေ့ နံနက် (၉) နာရီ ခွဲအချိန်က ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေး ပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးသန့်ဇင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လတ်လတ်ဝင်း ကအခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ကျေးလက်နေအမျိုးသမီးများ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်စေရန်နှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှပို့ချပေးလိုက်သည့် အတတ်ပညာများကို စနစ်တကျ သေချာစွာလေ့လာမှတ်သားပြီး၊ မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဝင်ငွေတိုး တစ်ပိုင်တစ်နိုင်စီးပွားဖြစ် ဆောင်ရွက်နိုင်သည်အထိ ကြိုးစားကြစေလိုကြောင်းပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ဖျာပုံခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဖျာပုံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သလိပ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ သင်တန်းသူများတက်ရောက်ကြသည်။
အဆိုပါ အခြေခံစက်ချုပ်နည်းပညာ သင်တန်းကို (၂၃-၇-၂၀၂၄) မှ (၂၁-၈- ၂၀၂၄) ရက်နေ့အထိ စီမံကိန်းဝင် သလိပ်ကြီးကျေးရွာမှ သင်တန်းသူ (၁၅) ဦးအား တစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး အခြေခံစက်ချုပ်နည်းပညာမွမ်းမံသင်တန်းကို ( ၂၉-၈-၂၀၂၄)မှ (၁၂-၉-၂၀၂၄) အထိ (၁၅) ကြာ ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ထူးချွန်ဆုရသင်တန်းသူ (၅) ဦးအားရွေးချယ်၍ အသေးစား ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်စေရန်အတွက် တစ်ဦးလျှင် ငွေကျပ် (၁၁) သိန်းနှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ဖျာပုံခရိုင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)