သတင်းများ

ဟိုပုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 10,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ငွေဆောင်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဌာနဆိုင်ရာများမှ ကွင်းဆင်းစစ်ဆေး
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဆင့်ဌာနဆိုင် ရာများမှ ယမန်နေ့နံနက်( ၈း၀၀) နာရီ မှစတင်၍ မြို့အတွင်းရှိ အသုပ်ဆိုင်များနှင့် ကျောင်းမုန့်စျေးတန်းများအား ကျန်းမာရေးအသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။  
အိမ်မဲမြို့နယ် (Community Centre) ခန်းမတွင် Women Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့မှ စာရေးဆရာဒေါက်တာ စိုးလွင် ၏ “ပွင့်သောပန်းတိုင်းလှစေချင်နှင့် အမျိုးသမီးကျန်းမာရေးပြဿနာ အဖြာဖြာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီတွင် ကျင်းပသည်။
ငွေဆောင်မြို့တွင် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်
Jul 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) ရပ်ကွက်၊ မရမ်းကုန်းဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်နည်းပညာတက္ကသိုလ်၏ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 10,2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နေပြည်တော်နည်းပညာ တက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ် (ဘွဲ့ကြို) နှင့် ဒုတိယနှစ် (ဘွဲ့ကြို)၊ အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်းများမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရန်နှင့် တက္ကသိုလ်အဆင့် ပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် မိုးရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော်နည်းပညာတက္ကသိုလ်၊ ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ကလေးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Jul 10,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း  အသိပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက်ပိုင်းက  အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ရေပြင်ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနား တက်ရောက်
Jul 10,2024
ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များသည်  ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသည့်စကားနှင့်အညီ ကြိုတင်လေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရေပြင်ရှာဖွေကယ်ဆယ်ရေးစွမ်းရည် သရုပ်ပြသခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးမြို့၊ ကမ်းနားလမ်း We Love Magway ညဈေးတန်းအနီး၌ ကျင်းပသည်။
ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်၊စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်း ပြုလုပ်
Jul 10,2024
‌တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်၊စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက (မူလွန်) အဏ္ဏဝါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။