ကျုံပျော်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုအား တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ ရှင်းလင်းဆောင်ရွက်

ကျုံပျော်  ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ယမန့်‌နေ့ညက မိုးရွာသွန်းမှုနှင့်အတူ လေပြင်းအနည်းငယ်တိုက်ခတ်ခဲ့သောကြောင့်  ‌ရေစခန်းတိုက်နယ်အတွင်းရှိ ကျုံပျော်-ဓနုဖြူသွား ကားလမ်းမပေါ်တွင်  လမ်းဘေးရှိသစ်ပင်များလဲကျခဲ့ပြီး မြို့နယ်သဘာဝဘေး ကယ်ဆယ်ရေးအဖွဲ့က အချိန်နှင့်တပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ရေစခန်းတိုက်နယ် ဒယ်ကွင်းကျေးရွာအနီး  အဝေးပြေးကတ္တရာလမ်းမပေါ်သို့ လဲကျသည့်သစ်ပင်မှာ မလေးရှားပိတောက်အမျိုးအစားဖြစ်ပြီး၊ ခရီးသွားလာမှုအတွက် အခက်အခဲဖြစ်ပေါ်ခဲ့သဖြင့်  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဖြတ်တောက် ရှင်းလင်းခြင်များ ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ ဇရပ်ကွင်းအုပ်စုအတွင်းရှိ ကားလမ်းမတွင်လည်း မလေးရှားပိတောက်ပင်လမ်းမပေါ် လဲကျခဲ့သဖြင့် ခရီးသွားလာ‌ရေး ပြတ်တောက်မှု မရှိစေရန်အတွက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက အချိန်နှင့်တပြေးညီ ဖယ်ရှားရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ၊ သစ်ပင်များဖယ်ရှား ရှင်းလင်းမှုကို ယနေ့နံနက် ၆ နာရီ  ၂၀ မိနစ် အချိန်တွင် အပြီးဆောင်ရွက်နိုင်ခဲ့ပြီး ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)