သတင်းများ

တောင်ငူမြို့ ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ သြဝါဒခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲအခမ်းအနားကျင်းပ
Jul 25,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဂန္တဝင်ကိုးခန်းသိမ်တော်၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့်ဇနီးအားအမှူးထား၍ ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ သြဝါဒခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 25,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ပင်လောင်းလမ်းဆုံမီးပွိုင့်အနီး ရန်ကုန်-မန္တလေးကားလမ်း‌ဟောင်းအနီးတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းစီမံဆောင်ရွက်လျက်ရှိသည့် ရေဆင်းဆည်ရေသောက်စနစ် လက်ယာ(၂) မြောင်းမကြီးနှင့် မပိုက်ကယ်ရိုးမှ စီးဆင်းလျက်ရှိသည့် သစ်တပ်ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောင်းအတွင်း သဲနုန်းတူးဖော်ခြင်း၊ အမှိုက်ဆယ်ခြင်းလုပ်ငန်းများ၊ ရေနုတ်မြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်များ ထပ်မံပိတ်ဆို့မှုမရှိစေရေးနှင့် ရေဝပ်မှုများမရှိစေရေး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနများမှ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဘိုကလေးမြို့နယ် ဌာနဆိုင်ရာများနှင့်ဒေသခံများ တွေ့ဆုံ၍ နယ်လှည့်ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့အပါအဝင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၏စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့် ဒေသခံပြည်သူများအား တွေ့ဆုံပွဲနှင့်အတူ ဘိုကလေးကုတင်(၁၀၀)ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများမှ ဒေသခံပြည်သူများကို နယ်လှည့်ဆေးကုသခြင်းလုပ်ငန်းအား ယမန်နေ့နံနက်(၁၀)နာရီအချိန်မှစတင်ကာ ဘိုကလေးမြို့၊ မလော့ကျေးရွာအုပ်စုရှိ ကံ့ကော်တစ်ထောင်ဘုရား၊ သာသနာ့ဗိမာန်တော်တွင် ကျင်းပဆောင်ရွက်သည်။
ထန်းတပင်မြို့နယ်၌ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းအသိပညာပေးဟောပြော
Jul 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှမ်းပြည်နယ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသားသူများ၏ ရင်တွင်းစကားသံများ
Jul 24,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ထူးချွန်ကျောင်းသား/သူများ၏စကားသံများကို အောက်ပါအတိုင်း ကြားသိခဲ့ရပါသည်-
တိုက်ကြီးမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 24,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ (၂) နာရီအချိန်က အခြေခံပညာအထက်တန်း​ကျောင်း (မြို့မ) ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ငူမြို့၌ မြိုနယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 24,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ မြိုနယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
ရေတာရှည်မြို့နယ်၌ အလွတ်တန်း စနူကာပြိုင်ပွဲကျင်းပ
Jul 24,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ နန်ချွန်ကျေးရွာ၌ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဒိုင်း အလွတ်တန်းစနူကာပြိုင်ပွဲကျင်းပသည်။