သတင်းများ

ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Jul 09,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများသည် “ဝန်ထမ်းကျင့်ဝတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 09,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် (၉:၀၀) အချိန်က အ.မ.က(လွန်)သီးကုန်းကျောင်းနှင့် အ.မ.က ရေဝင်ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
နမ့်စန်မြို့နယ်တွင် ကျောင်းသားကျောင်းသူများကို သစ်ပင်၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော၍ စုပေါင်းသစ်ပင်စိုက်ပျိုး
Jul 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ ဆောင်ရွက်သော သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၃) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။
တွံတေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည့်ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်များအားချပြရှင်းလင်း
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်တွင်၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဥ်များအား မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များအား ချပြရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့အမှတ်(၁၁) အ.မ.က၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Jul 09,2024
စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုမြို့အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲများ ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများကို ယ​နေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ရပ်စောက်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်
Jul 09,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပင်ဖြစ်ကျေးရွာအုပ်စု၊ ထီးခမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသက် (၅) နှစ်မှ (၇) နှစ်အထိ ကလေးငယ်များအား DT (ဆုံဆို့ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး) များ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းထိုးနှံပေး
Jul 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) နယ်၌ အသက် (၅) နှစ်မှ (၇) နှစ်အထိ ကလေးငယ်များအား DT (ဆုံဆို့ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး) အား အခြေခံပညာကျောင်းများသို့ ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်းကျင်းပ
Jul 09,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့​သည်။