စစ်ကိုင်း ဇူလိုင် ၂၃
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် (၂၃) ရက်၊ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်လှိုင်မိုးမြတ်ကကျားမရေးရာ အခြေခံသဘောတရားများ အကြောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးလှိုင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ တားဆီးကာကွယ်ရေး အကြောင်းအရာများကို လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးပေးခဲ့ကြသည်။
ဆက်လက်၍ သဘာဝဘေးအန္တရာယ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော ငလျင်ဘေးဆိုင်ရာတားဆီးကာကွယ်ရေးနှင့် ထိခိုက်မှုအန္တရာယ်လျော့ချနိုင်ရေးအတွက် ကျောင်းသား/ ကျောင်းသူများ အား လက်တွေ့သရုပ်ပြ လေ့ကျင့်သင်ကြားပေးခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်အား ထက်သန်စွာပါဝင်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)