သတင်းများ

ပူတာအိုခရိုင်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ
Sep 25,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကျောင်းသားလူငယ်လူရွယ်များ စာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်/ထွက်သွားလာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားပြီး စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ခရိုင်အတွင်းနှစ်စဉ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်းတည်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Sep 25,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့်  ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ယမန်နေ့နံနက် ၁၀ နာရီခွဲက  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဦးရွှေ   ဦးဆောင်သော အဖွဲ့က မြစိမ်းရောင်စီမံကိန်းကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပခုက္ကူမြို့နယ်အဆင့် မဲစာရင်းပြုစုခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 25,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် မဲစာရင်းပြုစုခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 25,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးချက်ကို ယမန်နေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဆွေးနွေး ဟောပြော
Sep 25,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာန ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျလိုက်နာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စံပြကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊ အမှတ်စဉ်(၁၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 25,2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊ အမှတ်စဉ်(၁၂)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၂ ရက်နေ့ကကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်၌ ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေး
Sep 25,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၄)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၊ ပန်စွဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့်အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
၂၀၂၄ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့အစည်းအဝေးကျင်းပ
Sep 25,2025
၂ဝ၂၄ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာသက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ အဖွဲ့ကြီးအစည်းအဝေးကို ယမန်နေ့နံနက်တွင် ရန်ကုန်မြို့ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။