ပန်းတနော်မြို့ အမှတ်(၁)အ.ထ.ကကျောင်း၌ ခွေးရူးရောဂါကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင်ကျရောက်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ခွေးရူးရောဂါ ကာကွယ်ရေးနှင့်ကူးစက်ပျံ့နှံ့ပုံအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ပညာပေးဟောပြော ပွဲကို ယနေ့နံနက် ၁၀နာရီ အချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။