သတင်းများ

မြောင်းမြတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
Sep 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့်တာဝန်ရှိသူများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်လိုအပ်သည့် ဒေသခံပြည်သူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ယနေ့နံနက်ပိုင်းမှစ၍  ဝဲကလေးကျေးရွာအုပ်စု၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆက်လက်ပြုလုပ်
Sep 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၃)ရပ်ကွက် ​​အောင်မြေလူထုဓမ္မာရုံတွင် ဆက်လက်ပြုလုပ်ခဲ့သည်။
ကလေးဝမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းဆိုင်ရာ သရုပ်ပြဆောင်ရွက်
Sep 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းဆိုင်ရာ သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ မြိတ်ခရိုင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး
Sep 25,2025
ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့်မြိတ်ခရိုင်ရုံး၊ မြို့နယ်ရုံးများမှ ဝန်ထမ်းများတွေ့ဆုံပွဲကို စက်တင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် မြိတ်ခရိုင် လက်ထောက်ညွှန်ကြား‌ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ပြီး မြိတ်မြို့နယ်ရှိ ကျေးရွာအဝင်လမ်းနှင့်ကျေးရွာချင်းဆက်လမ်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးသည်။
ပျော်ဘွယ်မြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၁၈၀၀ ကျော် ပေးအပ်
Sep 25,2025
မန္တလေးမြေငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျော်ဘွယ်မြို့နယ်အတွင်း ဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ပြည်သူများအား ဆန်များပေးအပ်ပွဲကို စက်တင်ဘာ၂၅ရက် နံနက်၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သည့် ဆန် ၁၈၄၄ အိတ်ကို ငလျင်ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လျာထားမဲရုံထားရှိမည့်နေရာများအား ကွင်းဆင်းစစ်ဆေး
Sep 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ  လျာထားမဲရုံးထားရှိမည့်နေရာများကို   မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဆောင်ကာ    ယမန်နေ့ည‌နေ ၃ နာရီ ၃၀ မိနစ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Sep 25,2025
မန္တလေးတိုင်းဒေသကြီး၊‌ အောင်မြေသာစံမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နေ့၊ နေ့လယ် ၂ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက် (၇၀) ၊ ၈၆လမ်း၊ ၁၃×၁၄ လမ်းကြားရှိ နှင်းဆီခြံ ကိုးခန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
မြောင်းမြမြို့တွင် ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အကြို ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို စက်တင်ဘာလ (၂၅) ရက်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရှိ မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။