ဆင်ပေါင်ဝဲ ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာများသို့ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီ အချိန်က ကျေးရွာများအရောက် လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ လိုက်လံဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောက်ချက်ကျေးရွာနှင့် မွှန်းညောင်ပင်သာကျေးရွာအတွင်းရှိ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်တို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်စေရန်၊ သတိပြုရှောင်ရှားသင့်သည့် အပြုမှုများကိုသိရှိစေရန် အသိပညာပေးချက်များအား လှည့်လည်အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)