စစ်ကိုင်း ဇူလိုင် ၉
စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှကြီးမှူး၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူဆိုသည်မှာ၊ စားသုံးသူကာကွယ်ရေးဆိုသည်မှာ၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ ကုန်စည်၊ ဝန်ဆောင်မှု၊ စားသုံးသူ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ တိုင်ကြားနိုင်ခြင်း၊ တားမြစ်ချက်များ နှင့် ထုတ်လုပ်သူလုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များ၊ ဥပဒေ/ နည်းဥပဒေများ လိုက်နာမှုမရှိပါက ပြစ်မှု/ ပြစ်ဒဏ်များ အကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများက မရှင်းလင်းသည်များကိုမေးမြန်းကြရာ ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးပြီး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ဇော်မြင့်နိုင်