ကလိန်အောင် ဇူလိုင် ၉
သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများစုပေါင်း၍ “မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်”ကို ယမန်နေ့နံနက်(၉)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အောင်သီရိဘုရားဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ဥယျာဉ်အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းဝန်ထမ်းများ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်စားလှယ်အရာရှိများ၊ PTTEP International Limited မှ Site Manager Mr.Pricha Chitta၊ ရတနာလူမှုစီးပွားစီမံကိန်းမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ/အဖွဲ့အစည်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအပါအဝင် စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စွာဖြင့် သစ်ပင်စိုက်ပျိုးခဲ့ရာ ပျဉ်းကတိုး ၁၀၀ ပင်၊ သင်္ကန်း ၁၀၀ ပင်၊ ကံ့ကော် ၁၀၀ ပင်၊ ခရေ ၁၀၀ ပင်၊ သပြေ ၇၀ ပင်၊ သင်းဝင် ၇၀ ပင်၊ စုစုပေါင်း ၅၄၀ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)