နည်းပညာတက္ကသိုလ်(ဘားအံ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 08,2024
ကရင်ပြည်နယ်၊ ဘားအံမြို့၊ နည်းပညာတက္ကသိုလ်(ဘားအံ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့ရပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန့်နေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ၊ ဆရာ / ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။