သတင်းများ

ဇလွန်မြို့၌ အခြေခံစားသောက်ကုန်ဆန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၌ အခြေခံအိမ်ထောင်စုများအား ဆန်များသက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် လမ်းမတော်မြောက်ရပ်ကွက် ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် ရောင်းချပေးခဲ့သည်။
ချောင်းသာ၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၏ ကြီးကြပ်မှုဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက Gerizim Hotel အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့  အမှတ်(၁)ရပ်ကွက်တွင် ဝမ်းပျက်ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁၁၂)အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၁၁)နာရီက ဝမ်းပျက်ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဟောပြောပွဲကို ဆောင်ရွက်ရာ ရှေးဦးစွာမြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်မှ ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကာကွယ်နိုင်ရန်အ‌ကြောင်းများ၊ သွေးလွန်တုပ်ကွေးရောဂါ အကြောင်းအရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်အကြောင်း ပြောကြားသည်။
၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး(၆)ခရိုင် အသက်(၂၃)နှစ်အောက် အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Jul 08,2024
၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး(၆)ခရိုင် အသက်(၂၃)နှစ်အောက် အမျိုးသားဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ဒေသခံအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
တံတားဦးမြို့နယ်တွင် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 08,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့၌ ဆုရကစားသမားများအား ဌာနဆိုင်ရာအကြီးကဲများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖြဖြကြိုဆို
Jul 08,2024
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ် ကျား/မ ပြိုင်ပွဲကို ဇူလိုင်လ (၄) ရက်နေ့မှ (၇) ရက်နေ့အထိ မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်
Jul 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဥ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆိုင်းဘုတ်များစိုက်ထူပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိစေရေး အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၀၉း၀၀)နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပမ္မဝတီလမ်းဆုံနှင့် မြို့အဝင်တံတား ခြေရင်းလမ်းဆုံ၌ မြို့အဆင့်ဌာနဆိုင်ရာများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းကောင်စီအလုပ်အမှုဆောင်အဖွဲ့များ ဖွဲ့စည်းခြင်းဆောင်ရွက်
Jul 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြေခံပညာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများတွင်၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် ကျောင်းကောင်စီအလုပ်အမှုဆောင်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။