သတင်းများ

မိုးညှင်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 12,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်သရဖူခန်းမ၌ ကျင်းပသည်။
ချောက်မြို့၌ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြော
Jul 12,2024
မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့၌ ဧရာဝတီမြစ်​ရေမြင့်တက်လာ၍ မြစ်ကမ်းနားတစ်လျှောက် မြစ်ရေများ ဝင်ရောက်လာသဖြင့်​ ရေဝင်ရောက်သည့် အိမ်ထောင်စုများမှ  ပြည်သူများအား ရေကင်းလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ရေဘေးရှောင်​​ပြည်သူ (၃၄၄)ဦးအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၇၂၂၄၀၀)ပေးအပ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယမန်နေ့ ည​နေ ၃ နာရီအချိန်က ချောက်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ “အနာဂတ်လူငယ်နှင့်အနာဂတ်တိုင်းပြည်” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကျင်းပ
Jul 12,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက် Light For All Nations Ministry ကျမ်းစာသင်တန်းကျောင်းရှိ သင်တန်းခန်းမ၌ “အနာဂတ်လူငယ်နှင့် အနာဂတ်တိုင်းပြည်” ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် (၈) နာရီအချိန်က ညောင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများထံသို့ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိသည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ကျင်းပ
Jul 12,2024
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နံနက် (၁)နာရီခွဲအချိန်က စာရေးဆရာ ဗန်းမော်သိန်းဖေရေးသားသည့် “အသေးအဖွဲလေးတွေနဲ့ စိတ်ညစ်မနေပါနဲ့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများကျင်းပ
Jul 12,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများကို ပညာရေးဌာနနှင့်ပူးပေါင်းကာ ယနေ့နံနက် (၁ဝ) နာရီက ကျင်းပသည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဥ်ပြိုင် အောင်မြင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 12,2024
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဥ်ပြိုင် အောင်မြင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၀ ရက် နံနက် (၉) နာရီခွဲက မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မအူပင်မြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Jul 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းများအား ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၂)ရပ်ကွက်ရှိ တိုးမြစ်ကမ်းနံဘေးတွင် နေထိုင်ကြသည့် နေအိမ်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်သည်။