သတင်းများ

ချောင်းသာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ
Jul 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကစတင်ပြီး တိုက်နယ်ကျန်းမာရေးဌာနအပါအဝင် သတ်မှတ်စုရပ်နေရာများတွင် ရည်မှန်းဦးရေအလိုက် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဝန်ထမ်းသက်သာ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်
Jul 12,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသက်သာချောင်ချိရေးအတွက် စိုက်ပျိုးထားသည့် ဌာနပိုင်ဝန်ထမ်းသက်သာ စိုက်ခင်းမှ ထွက်ရှိသော ဆန်ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၁၁ ရက်မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
လက်ပံတန်းမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အသိပညာပေးဟောပြော
Jul 12,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှိန် မြှင့်တင်နိုင်ရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ကျေးနီ) ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ
Jul 12,2024
၂၀၂၄-ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ
Jul 12,2024
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တို့တွင် ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ်ခဲ့ကာ အဆိုပါဖြစ်စဉ်ကြောင့် ရေဘေးသင့်ပြည်သူများအား ‌ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၈ နာရီက ဝိုင်းမော် မြို့နယ်အတွင်း ရေဝင်ရောက်ခဲ့မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရေနံချောင်းမြို့ အ.ထ.က (၁) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 12,2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေခန်းမတွင် ကျင်းပသည်။
အခွန်ကောက်ခံမှုနှုန်းထားကို တိုးမြှင့်ခွင့်မပြုဘဲ အခွန်ကောက်ခံသည့်နယ်ပယ်ကိုသာ တိုးချဲ့ဆောင်ရွက်သွားမည်
Jul 12,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
တံတားမြို့ လူထုအ​ခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်များခင်းကျင်းပြသ
Jul 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည်သူများအသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လာစေရန်၊ စာကြည့်တိုက်အားအသုံးပြုတက်စေရန် ရည်ရွယ်၍ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် (၁၀) နာရီအချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။