သတင်းများ

ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ
Jul 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့နံနက်(၇)နာရီအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် တောင်ယာငရုတ်သီးများ ဈေးကောင်းရရှိသဖြင့် စိုက်ပျိုးသူများပြားလာ
Jul 12,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဒေသခေါ်တောင်ယာငရုတ်သီးများ ရောင်းချရာတွင် အသီးအထွက်နှုန်းလည်းကောင်းကာ ဈေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေတိုးကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ ဆီနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကာ ရာသီဥတုနှင့်ကိုက်ညီသည့် စိုက်ပျိုးသီးနှံများကို စိုက်ပျိုးရောင်းချကြရာ ယခုအချိန်တွင် ဆီနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကမာရွတ်မြို့နယ် ​ဇင်​ယော်ကိုယ်ပိုင်အထက်တန်း​ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ
Jul 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သော အားကစားနှင့်လူငယ်​ရေးရာအသိပညာပေးဟောပြောနှင့် သရုပ်ပြပွဲကို ယမန်နေ့ည​နေ (၃) အချိန်က ​ဇင်​ယော်ကိုယ်ပိုင်အထက်တန်း​ကျောင်း အင်းကြင်းမြိုင်ခန်းမ၌ ကျင်းပခဲ့သည်။
မိုးနဲမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲကျင်းပ
Jul 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဥ်ရပ်ကွက် ဌာနစုပေါင်းရုံးဝင်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကာ ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ကသာမြို့နယ်တွင် ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်ရေအရည်အသွေး ရလဒ်များအားထုတ်ပြန်
Jul 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်အတွင်းပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်၏ရေအရည်အသွေးတိုင်းတာမှုရလဒ်များကို လစဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
(၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ဒလမြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်ပြပွဲကို အ.ထ.က(၂) ကုမုဒြာခန်းမ၌ ဇူလိုင် ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jul 12,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ပြသထားကြောင်း သိရသည်။