ချောင်းသာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

ချောင်းသာ ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကစတင်ပြီး တိုက်နယ်ကျန်းမာရေးဌာနအပါအဝင် သတ်မှတ်စုရပ်နေရာများတွင် ရည်မှန်းဦးရေအလိုက် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများအား ဦးထွန်းအောင်ကို (တိုက်နယ်ကျန်း မာရေးဌာန၊ တာဝန်ခံ)ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကြက်ခြေနီသူနာပြု တပ်ဖွဲ့များက ကာကွယ်ဆေးထိုးနှံသူများအား စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများဖြင့် ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို အသက်(၄၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၀)နှစ်နှင့်အထက် ပြည်သူလူထုများ၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့်ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များကို သတ်မှတ်ရက်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)