သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဝန်ထမ်းသက်သာ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်

သာစည် ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသက်သာချောင်ချိရေးအတွက် စိုက်ပျိုးထားသည့် ဌာနပိုင်ဝန်ထမ်းသက်သာ စိုက်ခင်းမှ ထွက်ရှိသော ဆန်ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၁၁ ရက်မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က ဝန်ထမ်းသက်သာ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ထမ်းသက်သာစိုက်ခင်းမှထွက်ရှိသော (GW-18) ဆန်များကို ဝန်ထမ်းတစ်ဦး လျင် ဆန် ၂၄ ပြည်အိတ် တစ်အိတ်နှုန်းဖြင့် ဝန်ထမ်း ၅၁ ဦးတို့အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဝန်ထမ်းသက်သာ ထောက်ပံ့ပေးအပ်ပွဲသို့ ဒုတိယဦးစီးမှူးများနှင့် မြို့ပေါ်ရုံးအဖွဲ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)