လက်ပံတန်းမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အသိပညာပေးဟောပြော

လက်ပံတန်း ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှိန် မြှင့်တင်နိုင်ရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ကလေးစာဖတ်ဝိုင်းကို ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ကျေးနီ) ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက (၇၇) နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သိကောင်းစရာ၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းများ၊ နေ့ထူးနေ့မြတ်များ၊ နယ်လှည့်အသိပညာပေး လှုပ်ရှားဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားရှိသော (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ အာဇာနည် ခေါင်းဆောင်ကြီး (၉) ဦး ၏ အတ္ထုပ္ပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းဓါတ်ပုံများ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)