ညောင်ရွှေ ဇူလိုင် ၁၂
၂၀၂၄-ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ် ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများအကြောင်းနှင့် ကျောင်းသားလူငယ်တို့၏ တာဝန်ဝတ္တရာများအကြောင်းကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အာဇာနည်နေ့ဆိုင်ရာ နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်တစား လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ