သဲကုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် တားမြစ်ထားသောဆီများ ရောင်းချမှု ရှိ/မရှိ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

သဲကုန်း ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် တားမြစ်ထားသောဆီများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က သဲကုန်းမြို့နယ် ဝက်ပုတ်မြို့မစျေးနှင့် အင်းမမြို့မစျေးများ၌ ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များတွင်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးထင်ဇော်ထွန်း၊ ​စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စားအုန်းဆီများ သတ်မှတ်အရည်အသွေးပြည့်မီရေး ကျန်းမာရေးနှင့် ကိုက်ညီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေးရည်ရွယ်၍ စျေးကွက်အတွင်း ရောင်းချခြင်းမပြုရန် တားမြစ်ထားသော ပုဇွန်နှစ်ကောင်အမှတ်တံဆိပ်စားသုံးဆီများ ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ ရောင်းချသည့် စျေးဆိုင်များအား ထုတ်ပြန်ထားသော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရောင်းချခွင့်ရှိသည့် စားအုန်းဆီနှင့် စားသုံးဆီများအား သက်မှတ်စျေးနှုန်းများအတိုင်း အလေးချိန်ပြည့်ဝစွာဖြင့် ရောင်းချကြရန် အသိပညာပေးရှင်းလင်းပြောခဲ့ကြကြောင်း သိရှိရသည်။

ကိုကျော်