ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး

ချမ်းအေးသာစံ ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို အဆိုပါအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဝါဝါကျော်က အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က အသိပညာပေးဟောပြောပွဲ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်စာရေးဆရာအသင်း ဆရာမောင်မင်းမူ(ပံသုကျီ)က “ပညာနှင့် မျိုးချစ်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆရာအိုးဝေ(မြေနီကျင်း)က “လူငယ်နှင့်အာဇာနည်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောကြသည်။ ထို့နောက် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုလွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါကျော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်၊ မြို့နယ်စာရေးဆရာအသင်း ဆရာမောင်မင်းမူ(ပံသုကျီ)၊ ဆရာအိုးဝေ(မြေနီကျင်း)၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။  

ချမ်းမြေ့မောင်(ချမ်း/စံ)