ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပဲခူးမြို့၌မျက်စိခွဲစိတ်ကုသမှု ထပ်မံဆောင်ရွက်ပေး

ပဲခူး ဇူလိုင်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ကုတင် (၅၀၀) ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ မျက်စိခွဲစိတ်ကုသမှုပြီးစီးသည့် လူနာများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောင်သုခဆေးကုသဆောင်သို့ ရောက်ရှိခဲ့ပြီး မျက်စိခွဲစိတ်ကုသမှုပြီးစီးခဲ့သည့် လူနာများနှင့်တွေ့ဆုံ အားပေးစကားပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မျက်စိခွဲစိတ်ကုသမှုခံယူပြီးသူများအား မျက်စိကျန်းမာရေး မျက်မှန်များတပ်ဆင်ပေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိဝေဒနာရှင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာများမှ မျက်စိဝေဒနာရှင် စုစုပေါင်းလူနာ (၁၂၀) ဦး ဇူလိုင် () ရက်နေ့မှ ဇူလိုင်လ () ရက်နေ့အထိ အခမဲ့ခွဲစိတ်ကုသမှုပေးခဲ့နိုင်သဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်း မျက်စိဝေဒနာရှင် စုစုပေါင်း (၁၀၀၀) ဦးကျော်အား အောင်မြင်စွာ အခမဲ့ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)