သတင်းများ

မြိတ်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်  မိုးရာသီသစ်ပင် စုပေါင်းစိုက်ပျိုး
Jul 15,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲနှင့် မိုးရာသီသစ်ပင်စုပေါင်းစိုက်ပျိုးပွဲကို ယမန်နေ့က ကလွင်ကျေးရွာ အ.လ.က(ခွဲ) ကျောင်းတွင် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် သီးနှံစိုက်ခင်း ဧကပေါင်း ၂၂၀၀ ကျော် ရေကြီးနစ်မြုပ်
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်းတွင် ဧရာဝတီမြစ်ရေ သိသိသာသာ မြင့်တက်လာမှုကြောင့် ဧရာတီမြစ်ကမ်းနဘေး မြေနိမ့်ပိုင်းဒေသများရှိ ဒေသခံတောင်သူများ၏ သီးနှံစိုက်ခင်းများအတွင်း မြစ်ရေများဝင်ရောက်လျက်ရှိရာ ယမန်နေ့အထိ စာရင်းကောက်ယူမှုများအရ သီးနှံစိုက်ခင်း ဧကပေါင်း ၂၂၀၀ ကျော် ရေကြီးနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ညောင်လေးပင်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အကြိုပြိုင်ပွဲများကျင်းပ
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြိုစာစီစာကုံး၊ ကျပန်းစကားပြော၊ စာဖတ်စွမ်းရည်၊ ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ပြွန်တန်ဆာမြို့အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ ဇူလိုင် ၁၃ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ကြောင်း သိရသည်။
မင်းဘူးမြို့ ရေဘေးရှောင်စခန်းများသို့ သောက်ရေနှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ရေဘေးရှောင်စခန်းများသို့ ယမန်နေ့ ညနေ ၅ နာရီအချိန်က အလှူရှင်များမှ သောက်ရေနှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း ချမ်းသာကြီး ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထွန်းက ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရွှေတောင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိရာ ရေဝင်အိမ်ထောင်စုများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလာရောက်၍ နေထိုင်စားသောက်မှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ယနေ့အထိရေဝင်ရောက်၍ ပြောင်းရွေ့နေထိုင်သည့်အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေတို့အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်(၁၀)အိတ်၊ ဆီပိဿာ (၂၀)၊ ဆား(၅) ပိဿာ၊ ပဲ(၅) ပိဿာ၊ ခေါက်ဆွဲခြောက်ထုပ် (၄၅၀) ထုပ်၊ ရေသန့်ဘူး (၄၅၀) ဘူးနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၁၃၇၈၀၀ိ/)ကျပ်တို့အား ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေဝင်ရောက်သည့်ရပ်ကွက်အတွင်း ရေမြင့်တက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
မိုင်းခုတ်မြို့၊ မြို့မဈေးရုံတည်ဆောက်ရန် ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခုတ်မြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် မြို့မဈေးရုံတည်ဆောက်ရန် ဆောင်ရွက်နေမှုအခြေအနေကို မိုင်းဆတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းဆရာတော်၏ ဝိဇာတမွေးနေ့မင်္ဂလာ ကျင်းပ
Jul 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၏ ပဓာနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဘဒ္ဒိယမဟာထေရ်၏ သက်တော် ၈၆ နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပကြောင်း သိရသည်။
ဒေးဒရဲမြို့၌ မိုးရာသီကာလဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jul 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလတွင်ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အစားအစာများ ရောင်းချနိုင်ရန်နှင့် နေအိမ်များတွင် ယင်လုံအိမ်သာများ ဆောက်လုပ်သုံးစွဲမှု ရှိ၊ မရှိ  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။