သတင်းများ

ကျိုင်းတုံမြို့၌ ရုံးလုပ်ငန်း(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ ကျင်းပ
Jul 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် ရုံးလုပ်ငန်း(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံမြို့၊  အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ တောင်သူအစုအဖွဲ့များစုပေါင်း၍ နှမ်းသီးနှံစုပေါင်းရောင်းချပွဲပြုလုပ်
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် သီးနှံများရောင်းချနိုင်ရန်အတွက် တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့(RFDA)၊ မြို့နယ်တောင်သူ အကျိုးဆောင်အသင်း(FFA)နှင့် မြင့်မြတ်တော်ဝင်သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ၌ တောင်သူအစုအဖွဲ့များစုပေါင်းပြီး နှမ်းသီးနှံ စုပေါင်းရောင်းချပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် Sunday Dhamma School ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား
Jul 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားလူငယ် ဗုဒ္ဓဘာသာဝင်များ၏ Sunday Dhamma School ယဥ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် စတင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 15,2024
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့သို့ ဇွန်လနှင့် ဇူလှိုင်လအတွင်း ပြန်လည်တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဇူလိုင်(၁၃)ရက်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အမှတ် (၂) ရပ်ကွက်လမ်းရှိ လူနေအိမ်တစ်လုံးပေါ်သို့ ကုက္ကိုပင်ဆွေးမြေ့လဲကျ၍ နေအိမ်ပျက်စီးခဲ့သည့် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးကို  နီးစပ်ရာဆွေမျိုးသားချင်းနေအိမ်၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။
သရက်မြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မင်းလှမြို့နယ် လွန်ကျေးရွာတွင် ရေဘေးသင့်အိမ်ထောင်စု(၅၂)စုအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ပေး
Jul 15,2024
‌‌‌‌‌‌‌‌မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား‌‌‌ရေးဝန်ကြီးဌာန ‌‌ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မလွန်‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျေးရွာမှ ဧရာဝတီမြစ်ရေဝင်ရောက်၍ စာကြောစာသင်တိုက်ကယ်ဆယ်ရေးစခန်း၌ ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား ဆန်ရိက္ခာဖိုး‌‌ထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်(၁၁) နာရီခွဲက မလွန်ကျေးရွာရှိစာကြောစာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ ဆီထွက်သီးနှံ ပဲပုပ်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jul 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ ပဲပုပ်စိုက်ပျိုးမည့် တောင်သူများအား  ဆီထွက်သီးနှံပဲပုပ်မျိုးစေ့ထောက်ပံ့ပွဲကို ယမန်နေ့တွင် ကျိုင်းတုံတက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။