သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်း‌ကျောင်း၌ အမှတ်စဉ်(၂၀) ဆရာဖြစ် ဒီပလိုမာအောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂) ရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ သင်တန်းအမှတ်စဉ်(၂၀)ဆရာဖြစ် ဒီပလိုမာအောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  စာဖတ်ဝိုင်း ကျင်းပ
Jul 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း၊ လူငယ်အသင်း(Youth Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အောင်လံမြို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများ ခေတ္တယာယီပိတ်ထား
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ (၂၅၅၀) စင်တီမီတာဖြစ်ပြီး ယမန်နေ့ ၃ နာရီခွဲအချိန် မြစ်ရေတိုင်းတားချက်အရ (၂၅၆၂) စင်တီမီတာထိ ရောက်ရှိလာပြီး စိုးရိမ်ရေအမှတ်ထက် (၁၂) စင်တီမီတာ မြင့်တက်လာခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာအုပ်စု(၂၀)အုပ်စုသို့မြစ်ရေများ ဝင်ရောက်လျက်ရှိ
Jul 15,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ဆည်မြောင်းနှင့်‌ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြစ်ရေတိုင်းတာရေးစခန်းမှ တိုင်းတာချက်အရ မိုးညိုမြို့နယ်၏ ဧရာဝတီမြစ်ရေမှာ(၅၇.ဝ၅)ပေ၊ (၁၇၃၉)စင်တီမီတာဖြစ်ပြီး မိုးညိုမြို့နယ်၏ စိုးရိမ်ရေအမှတ်(၅၄.၁၀)ပေ (၁၆၄၉)စင်တီမီတာအထက် (၂.၉၅)ပေ၊ (၈၉၉)စင်တီမီတာသို့ ရောက်ရှိလာသဖြင့် မိုးညိုမြို့၏ ဧရာဝတီမြစ်ကမ်းဘေးအနိမ့်ပိုင်းရှိ ကျေးရွာအုပ်စု(၂၀)အုပ်စု၊ ကျေးရွာခွဲ(၇၇)ရွာ၊ အိမ်ခြေ(၈၇၄၀)အိမ်သို့ ပျမ်းမျှမြစ်ရေအမြင့်(၁.၅)ပေခန့် ယမန်နေ့က ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အုန်းတွဲကျေးရွာ စာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်အခမ်းအနားသို့ တက်ရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် အုန်းတွဲကျေးရွာတွင် နိုင်ငံတော်လှူဒါန်းထောက်ပံငွေဖြင့် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါစာကြည့်တိုက်မြေနေရာ၌ ကျင်းပခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာများသို့ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ရေဝင်ရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှု
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာများသို့ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ရေဝင်ရောက်မှု ရှိ/မရှိတို့အား ယမန်နေ့ နံနက်ပိုင်းအချိန်က ကျေးရွာများအရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
တာမွေမြို့နယ်၌ ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုတို့ပူးပေါင်း၍ ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်သည့် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အဆိုပါမူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုရုံး၊ မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ်၌ ​ရှေးဦးပြုစုခြင်း အ​ခြေခံသင်တန်းအမှတ်စဥ်(၁/၂၀၂၄)သင်တန်းဆင်းပွဲကျင်းပ
Jul 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကမာရွတ်ခရိုင် ကြက်​ခြေနီကြီးကြပ်မှုကော်မတီနှင့် အ-ထ-က(၃)​ကမာရွတ်ကျောင်း ကြက်​ခြေနီအသင်းခွဲငယ်တို့မှမှ ပူး​ပေါင်းဖွင့်လှစ်သည့် ​ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်း အမှတ်စဥ်(၁/၂၀၂၄)သင်တန်းဆင်းပွဲကို ယမန်နေ့ ည​နေ ၃ နာရီအချိန်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။