ညောင်လေးပင် ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြိုစာစီစာကုံး၊ ကျပန်းစကားပြော၊ စာဖတ်စွမ်းရည်၊ ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ပြွန်တန်ဆာမြို့အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ ဇူလိုင် ၁၃ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ကြောင်း သိရသည်။
ထိုသို့ ပြိုင်ပွဲများ ကျင်းပရာတွင် စာစီစာကုံး၊ ကျပန်းစကားပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဇူလိုင် ၁၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ကျင်းပခဲ့ပြီး၊ ယနေ့နံနက်ပိုင်းမှာ ပုံပြင်ပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ကျင်းပကြောင်းနှင့် အဆိုပါပြိုင်ပွဲများသို့ ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူ(၁၈၇)ဦး ဝင်ရောက်ယှဥ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲများအား ညောင်လေးပင်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်အတွင်းရှိ၀န်ထမ်းများ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)