မိုင်းနောင်မြို့တွင် Sunday Dhamma School ယဥ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား

မိုင်းနောင် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားလူငယ် ဗုဒ္ဓဘာသာဝင်များ၏ Sunday Dhamma School ယဥ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်တွင် စတင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရသည်။

မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားများအားလုံး မိမိတို့ကိုးကွယ်သည့် ဘာသာကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ယဥ်ကျေးလိမ္မာ၍ ဘာသာ၊ သာသနာအပေါ် သက်ဝင်ယုံကြည်အလေးအနက်ထားတတ်စေရန်၊ ဗုဒ္ဓဘာသာအမွေအနှစ်များ လက်ဆင့်ကမ်းနိုင်ရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ Sunday Dhamma School များကို မြို့လယ်ဓမ္မာရုံတွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၅၀)ဦးတို့ကို ဆရာ/ဆရာမ(၇)ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)