ဆင်ပေါင်ဝဲ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဇူလိုင်(၁၃)ရက်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အမှတ် (၂) ရပ်ကွက်လမ်းရှိ လူနေအိမ်တစ်လုံးပေါ်သို့ ကုက္ကိုပင်ဆွေးမြေ့လဲကျ၍ နေအိမ်ပျက်စီးခဲ့သည့် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးကို နီးစပ်ရာဆွေမျိုးသားချင်းနေအိမ်၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၂) ရပ်ကွက်တွင် ရေဘေးသင့်အိမ်ထောင်စု (၂)စု၊ လူဦးရေ (၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၄၇၀ဝိ/-) စုစုပေါင်း ထောက်ပံ့ငွေ (၅၄၇၀ဝိ/-) အား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းနှင့် ဝန်ထမ်းများက ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)