သတင်းများ

ပင်းတယမြို့နယ်တွင် ဈေးကွက်ဝင် Medicinal Marigold ပန်းများကို ဧကအများအပြားစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jul 15,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် Medicinal Marigold ပန်းမျိုးပင်များကို ကျေးရွာများရှိ တောင်ယာခြံများတွင် ဧကအများအပြား စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 15,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မိတ္ထီလာအခြေပြုဘာသာရေးနှီးနွယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီ၊   မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)  တို့ ပူးပေါင်းကျင်းပသော အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club အဖွဲ့ဝင်များက စာဖတ်ဝိုင်း ပြုလုပ်
Jul 15,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာခင်စေတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စာအုပ်အား ယနေ့နံနက်(၉)နာရီအချိန် ကသံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၌ လောကမာန်အောင်စေတီတော်မြတ်ကြီး စိန်ဖူးတော်တင်လှူပွဲနှင့် လွယ်တိန်ခမ်းဘိုးဘွားရိပ်သာဖွင့်ပွဲ ပြုလုပ်
Jul 15,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ လောကမာန်အောင်စေတီတော်မြတ်ကြီး စိန်ဖူးတော်တင်လှူပွဲနှင့် လွယ်တိန်ခမ်းဘိုးဘွားရိပ်သာဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များ လှူဒါန်း 
Jul 15,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) စာကြည့်တိုက်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ လာရောက်လှူဒါန်းခဲ့သည်။           
ရေးမြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ
Jul 15,2024
ရေးမြို့နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ရေးမြို့ ရွှေဆံတော်ဘုရားဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ရေးမြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များ မြို့နယ်၊ ရပ်/ကျေးသံဃာနာယကအဖွဲ့ဝင်ဆရာတော်ကြီးများ ကြွရောက်တော်မူခဲ့သည်။
မွန်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 15,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ် လက်ပန်-နန်းခလဲကျေးရွာအုပ်စု၊ ဝင်းကြီးကျေးရွာတွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Jul 15,2024
လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက် ၉ နာရီအချိန်က လက်ပန်-နန်းခလဲကျေးရွာအုပ်စု၊ ဝင်းကြီးကျေးရွာတွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။