သတင်းများ

လှည်းကူးမြို့နယ်၊ ကျောက်အိုင်-ကြာကန်စု လမ်းဘေးဝဲယာတွင် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ကျောက်အိုင်-ကြာကန်စုလမ်း လမ်းဘေးဝဲ/ယာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ကျောက်အိုင်-ကြာကန်စုလမ်း လမ်းဘေး ဝဲ/ယာတွင် ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုလမ်းမကြီးပေါ် ရေကျော်မှုမဖြစ်စေရန် Box /Pipe Culvert အဝင်/အထွက် အမှိုက်ပိတ်ဆို့နေမှုများရှင်းလင်း
Jul 14,2024
မိုးရာသီကာလအတွင်း မိုးရွာ‌သွန်းမှုများခြင်း၊ တောင်ကျရေများစီးဆင်းခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက်  ခမောက်ကြီးမြို့လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက Box /Pipe Culvert  အဝင်/အထွက်ပိတ်ဆို့နေသော ခြုံ၊ နွယ်၊ အမှိုက်များအား ရှင်းလင်းဖယ်ရှားခြင်းကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Jul 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်အဖြစ် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။
စလင်းမြို့နယ်တွင် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသောရည်ညွှန်းစျေးဖြင့် အိမ်ထောင်စု(၄၈၀)ကျော်အား တစ်ဦးနှစ်​ပြည်နှုန်းရောင်းချပေး
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌  မြို့နယ်အတွင်းရှိ  စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့်  ဆန်များရောင်းချပေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်၍  ဆန်စက်လုပ်ငန်းရှင်များပူးပေါင်းကာ  ပေါင်းနားရပ်ကွက်  စိတ်တိုင်းကျဆန်စက်ရှေ့တွင်  တစ်ဦးလျှင်ဧရာပဒေသာဆန် နှစ်ပြည်နှုန်းဖြင့်  ယနေ့နံနက်(၈)နာရီအချိန်က  စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ကျောင်းနှင့်ကျောင်းဝန်းကျင် စိမ်းလန်းစိုပြည်ရေး အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
Jul 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနှင့်ကျောင်းဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ သန့်ရှင်းသာယာလှပစေရေးနှင့် လေကောင်းလေသန့်ရရှိရေး၊ ခြင်နှင်ယင်များကြောင့် ဖြစ်ပွားတတ်သောကူးစက်ရောဂါများ ကြိုတင်တားဆီးကာကွယ်နိုင်ရေး အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသော စပါး ၆၈၇၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါးသီးနှံ ၆၈၇၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့ကြောင်း သိရသည်။
ကျေးသီးမြိုနယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Jul 14,2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကျေးသီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ရှာဖွေရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဘောလုံးကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။