သတင်းများ

ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုများ ဖြစ်ပွား
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ရှိ ဧရာဝတီမြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းများရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေး၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဘေးလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် ယာယီနေထိုင်မည့်နေရာ စီစဉ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ကလေးပရိယတ္တိစာသင်တိုက် နာယကဆရာတော် ဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)၏ (၆၄)နှစ်မြောက် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ် အသစ်ဆောက်လုပ်လှူုဒါန်းသည့် သိမ်တော်၊ ဆွမ်းစားဆောင်၊ ဆွမ်းချက်ဆောင်နှင့် မော်တော်ယာဉ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ
Jul 14,2024
ကရင်ပြည်နယ်၊ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) အရှင်သူမြတ်၏ (၆၄) နှစ်မြောက် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်အနေဖြင့် ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် အလှူရှင်ဥူးဓမ္မကိတ္ထိနှင့် ဒေါ်ဓမ္မကေသရီ(တောင်ကလေးကျောင်း)မိသားစုတို့က ဆောက်လုပ်လှူဒါန်းသည့် သိမ်တော်၊ ဆွမ်းစားဆောင်၊ ဆွမ်းချက်ဆောင်နှင့် မော်တော်ယာဉ် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အသစ်ဆောက်လုပ်လှူဒါန်းသည့် ဆွမ်းစားဆောင်၌ ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ ဇွဲကပင်တောင်ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တ ကဝိဓဇ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ခမောက်ကြီးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ခြင်နိုင်ဆေးဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိ
Jul 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ ရောဂါဘယကင်းရှင်းစွာဖြင့် ပညာသင်ကြားနိုင်စေရန်အတွက်  သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အ.လ.က ယုဇနကျောင်းတွင် ခြင်နိုင်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရေဘေးသင့်ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များအား ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေး
Jul 14,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများမှ ကျွဲ၊ နွား တိရစ္ဆာန်များအား တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ မဖြစ်ပွားစေရန်အတွက် ယနေ့နံနက်ပိုင်းက ရေဘေးရှောင်နေရာများသို့ သွားရောက်ပြီး ပေါင်ပုပ်လက်ပုပ်ရောဂါနှင့် လည်ချောင်းကွဲရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Jul 14,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲနှင့် အလှူရှင်များဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်
Jul 14,2024
အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲအပ်ပွဲနှင့် အလှူရှင်များဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း အဆိုပါကျောင်းဆောင်ရှေ့၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လူမှုရေးရာဝန်ကြီးဦးစောကြည်နိုင်နှင့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဦးလှထွန်းတို့က ဦးသာညှင်းကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းဆောင်သစ်ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များ ပတ်ဖျန်းခဲ့ကြသည်။
တိုက်ကြီးမြို့နယ် ဧက(၂၀၀၀)မွေးမြူရေးဇုန်ရှိ သနပ်ချောင်းသဘာဝရေပြင်အတွင်းသို့  ငါးမျိုးစိုက်ထည့်
Jul 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီက ငါးသယံဇာတတိုးပွားလာစေရန် ရည်ရွယ်၍ ဧက(၂၀၀၀)မွေးမြူရေးဇုန်ရှိ သနပ်ချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဝါးခယ်မမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနား တက်ရောက်
Jul 14,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာသို့ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော တောင်သူများသို့ သွင်းအားစုများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။