ကျောက်ဆည် ဇူလိုင် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနှင့်ကျောင်းဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ သန့်ရှင်းသာယာလှပစေရေးနှင့် လေကောင်းလေသန့်ရရှိရေး၊ ခြင်နှင်ယင်များကြောင့် ဖြစ်ပွားတတ်သောကူးစက်ရောဂါများ ကြိုတင်တားဆီးကာကွယ်နိုင်ရေး အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးမှူးရုံးမှ အခြေခံပညာကျောင်းများနှင့်ပူးပေါင်း၍ သက်ဆိုင်ရာကျောင်းများ၏ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများစုပေါင်း၍ ကျောင်းဝင်းအတွင်းအပြင်ရှိ ရေနုတ်မြောင်းများ၊ အမှိုက်များ၊ ပေါင်းမြက်များ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခဲ့ပြီး ထွက်ရှိလာသောအမှိုက်များအား စနစ်တကျစွန့်ပစ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာကျောင်း(၁၈၆)ကျောင်းရှိကြောင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လက်ရှိအချိန်၌ ကျောင်းသား(၁၃၆၆)ဦး၊ ကျောင်းသူ(၇၅၅)ဦး တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
သက်မောင်