သံတောင်ကြီးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ငှားရမ်းပေး

သံတောင်ကြီး ဇူလိုင် ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်ရန်  ယနေ့ နံနက် (၉) နာရီအချိန်က နယ်လှည့်စာကြည့်တိုက် သံတောင်ကြီးမြို့ ရပ်ကွက်(၄) ၌ ကွင်းဆင်း၍ စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့သို့ စာအုပ်များ ကွင်းဆင်းငှားရမ်းပေးရာတွင် သုတ၊ ဝတ္တု၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ပုံပြင်၊ ရုပ်ပြ စသည့် စာအုပ်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သည့် စာအုပ်များအား တစ်ပတ်လျှင် တစ်ကြိမ်စာအုပ်အသစ်များဖြင့် အပတ်စဉ် လှည့်လည်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောမင်းသား