သာပေါင်းမြို့နယ်တွင် ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

သာပေါင်း ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်အတွင်းရှိ လ္ဘက်ရည်ဆိုင်၊ ထမင်းဆိုင်များ၊ ကျေးရွာများတွင် ဟောပြောပွဲများ အသိပညာပေး စစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အသင်းဝင်များ၊ အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်၊ ဈေးအတွင်းရှိ ထမင်းဆိုင်၊ လ္ဘက်ရည်ဆိုင်များက ရောင်းချလျက်ရှိသော စားသောက်ဖွယ်ရာများ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဖုံးအုပ်ထားရန်၊ ဝမ်းလျှောဝမ်းပျက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် သန့်(၄)သန့်နှင့် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများအား အသိပညာပေးဟောပြောခြင်း၊ စစ်ဆေးခြင်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)